Welcome to featherylay.blogspot.com

HOW TO MAKE A LYRIC TO DISPLAY ON YOUR PHONE

Posted by Unknown Saturday, March 23, 2013

အားလုံးအတွက် ပြန် Share ပေးလိုက်ပါတယ်…..

lyric ပေါ်သော mp3 player များမှာ
မြန်မာလို lyric လေးတွေတက်အောင် mp3 file မှာလည်း
သီချင်းtitle name၊ Artist Name နဲ့ Album Nameတွေမြန်မာလိုပေါ်အောင်လုပ်နည်းပါ။
ကျွန်တော်ကတော့ TTpod Player နဲ့ပဲ အသုံးပြုပုံကိုရေးပါ့မယ်။
မိမိအသုံးပြုဖုန်းမှာ မြန်မာဖောင့်ရှိရပါမယ်။mp3ဖိုင်မှာမြန်မာလိုပေါ်ဖို့အတွက်တော့ ကွန်ပြူတာလိုပါတယ်။
လိုအပ်တဲ့ဆော့ဝဲလ်ကိုတော့အောက်မှာအရင်ဒေါင်းလိုက်ပါ။
Download here
TTpod player 2.8.1 နဲ့ skin လေးတွေပါရသလောက်တင်ပေးထားပါတယ်။
TTpod နောက်ထွက်ဗားရှင်းတွေက တရုတ်လိုတွေပါလို့ ဒီဗားရှင်းကို ရွေးပေးထားတာပါ။
ကျနော်လည်းဒါပဲသုံးပါတယ်။ TTpod player ကိုဖုန်းထဲမှာအင်စတောလုပ်ပါ။
အင်စတောလုပ်ပြီး ဖုန်းထဲက TTpod ထဲဝင်ပြီး Menu>Tools>Setting>Destop Lyric Setting>Destop Lyric Enable ဘေးမှာအမှန်ခြစ်လေးပေးပါ။
ttpod skins ထဲကဖိုင်တွေကိုတော့ ဖုန်း sd cardထဲက ttpod folder ရဲ့ skin folder ထဲမှာ ထည့်ပေးထားပါ။
ပြီးရင်ဒါကိုခဏထားလိုက်ပြီး ကွန်ပြူတာဘက်ကိုဆက်သွားရအောင် ဒေါင်းလို့ရလာတဲ့ထဲက mp3tag ဆိုတာကို ကွန်ပြူတာမှာ အင်စတောလုပ်ပါ။
ပြီးရင် mp3tag ဆိုတာကိုဖွင့်ပြီး အပေါ်က fileထဲက add directory ဆိုတာကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ mp3 file ရှိရာကို ညွှန်းပေးပါ။
ဒါဆိုရင် mp3tag ထဲမှာကိုယ်ညွှန်းပေးထားတဲ့ location မှာရှိတဲ့mp3 file တွေပေါ်လာပါပြီ။
အဲဒီထဲကမှ ကိုယ်ပြင်ချင်တဲ့သီချင်းရဲ့ပေါ်မှာ ကလစ်တစ်ချက်ထောက်ပြီးဘေးက Title,Artist,Album တို့မှာ သက်ဆိုင်ရာအမည်ကိုမြန်မာလိုပေးပါ။
mp3tag မှာကမြန်မာလိုမပေါ်တဲ့အတွက်မြန်မာစာပေါ်မယ့်နေရာမှာ ရိုက်ပြီး ကော်ပီကူးထည့်ပေးပါ။
Album Cover ပေါ်ဖို့ကတော့ အောက်ဆုံးက လေးထောင့်အကွက်မှာ right click နှိပ်ပြီး Add cover ကနေပြီးတော့ ကိုယ့်ထည့်ချင်တဲ့ပုံကိုရွေးပေးလိုက်ရုံပါပဲ။
အားလုံးပြီးရင်တော့ အပေါ်ဆုံးက file ထဲကိုပြန်သွာပြီး save tag လုပ်ပေးလိုက်ပါ။
ဒါဆိုရင် mp3 file ကိုမြန်မာလိုပြောင်းတာပြီးသွားပါပြီ။ ကဲ နောက်တစ်ဆင့်မြန်မာစာ lyrics ပေါ်ဖို့လုပ်ရအောင်။
ကိုယ်လုပ်မယ့်သီချင်းကို notepad ထဲမှာအရင်ရိုက်ပါ။
ရိုက်တဲ့နေရာမှာတစ်ခုသတိထားရမှာက ကျွန်တော် ScreenShot ထားသလို သီချင်းတစ်ကြောင်းဆုံးသွားတိုင်းအောက်ကိုတစ်ကြောင်းဆင်းပါ။
ပြီးသွားပြီဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့သီချင်းတွေကိုကော်ပီလုပ်ပြီး www.lrcgenerator.com ရဲ့page အောက်ဆုံးမှာရှိတဲ့ LYRICS လို့ရေးထားတဲ့အကွက်ထဲမှာ paste ချလိုက်ပါ။
အပေါ်က song title ,artist,album တို့မှာသက်ဆိုင်တဲ့အမည်ကို မြန်မာလိုဖြည့်ပါ။

ပြီးသွားပြီဆိုရင်တော့ Synchronize နှိပ်ပြီး ခဏစောင့်နေလိုက်ပါ။
sync ပြီးသွားရင် အပေါ်က tab လေးတွေထဲက အလယ်က Song Start ဆိုတာကိုနှိပ်ပြီးတော့လုပ်မှာပါ။
သီချင်းနားထောင်ပြီးလုပ်ရမှာဖြစ်တဲ့အတွက် song start လုပ်ပြီးတာနဲ့တစ်ပြိုင်နက် ကိုယ်ပြောင်းမယ့်သီချင်းရဲ့ mp3 ကိုလည်းကြားအောင်ဖွင့်ထားပါ။
ပြီးရင်သီချင်းစာသားတွေကို Select All ပေးပြီး ဘေးက Scroll Barလေးနဲ့အပေါ်ကိုဆွဲတင်ထားပါ။
ဘာလို့လဲဆိုတော့ သူ့page မှာပေါ်နေတဲ့စာက အဖြူပေါ်မှာအ၀ါဖြစ်တာကြောင့် next line နဲ့သွားတဲ့အခါဘယ်ရောက်လို့ရောက်နေမှန်းမြင်ရမှာမဟုတ်ပါဘူး။

အားလုံးပြီးသွားပြီဆိုတာနဲ့ သီချင်းစာသားမလာခင် တစ်စက္ကန့်အလိုလောက်မှာ next line သို့မဟုတ် enter ကိုနှိပ်နှိပ်ပြီးသွားပါ။
ကိုယ် enter ခေါက်လိုက်တိုင်း စာသားလေးတွေ Bold ဖြစ်သွားတာတွေ့မှာပါ။ သီချင်းဆုံးသွားပြီဆိုရင်တော့ အပေါ်ဘက်ဘေးမှာ Generate ဆိုတာကိုနှိပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ Lyric ဖိုင်ကျလာပါမယ်။
ကိုယ့်ကွန်ပြူတာထဲကိုဒေါင်းပြီးသွားပြီးသွားရင် ရလာတဲ့ lyric file ရယ် mp3tag နဲ့လုပ်ထားတဲ့ mp3 file ကို နာမည်အတူတူပေးပါ။
ဥပမာ mp3 file ကို Rzarni လို့ပေးထားရင် lyric file ကိုလည်း Rzarni လို့ပဲပေးပါ။ ပြီးရင်အဲဒီနှစ်ဖိုင်လုံးကို ဖုန်းရဲ့ sd card ထဲကိုထည့်ပေးပြီး ttpod player ရဲ့ menu>common>add>scan all local musics
လုပ်ပေးလိုက်ပါ။ဒါဆိုပြီးပါပြီ ttpod ရဲ့ Songs ထဲမှာ ကိုယ်ထည့်ထားတဲ့ မြန်မာလိုပေါ်နေတဲ့သီချင်းကိုဖွင့်ပြီး lyrics လေးနဲ့လိုက်ဆိုကြပါတော့။
Credit : Cozey Seven (MMUG)
ဖြိုးချမ်း (phyochansoftware2012@gmail.com)
Facebook:    https://www.facebook.com/phyo.chan.12

0 comments

Post a Comment

    Archive