Welcome to featherylay.blogspot.com

ဒီနေ့ ဒီအချိန်မှာ....။ ကျွန်တော်တို့ မျက်လုံးထဲမှာ ဈေးကြီးကြီး၊ ရုပ်ဆိုးဆိုး၊ မဲမဲတူးတူး ကင်မရာအကြီးကြီးတွေကိုပဲ မျက်လုံးထဲ ပြေးမြင် စရာမလိုတော့ပါဘူး...။

ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နည်းပညာတွေရဲ့ ရလဒ်အဖြစ်...။ အခုဆို အားလုံးကိုယ်စီရဲ့ လက်ထဲမှာ Touch Screen Mobile Phone လေးတွေ ကိုယ်စီ ရှိနေကြပြီ ဖြစ်ပါတယ်...။

iPhone, Samsung, Sony, HTC, Nokia, Huawei ဆိုတဲ့ တံဆိပ်တွေထဲက တစ်ခုမဟုတ်၊ တစ်ခုတော့ မိတ်ဆွေရဲ့ လက်ထဲမှာ ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်...။

အခု ကျွန်တော် ရေးမယ့် Post က Nokia လို Symbian Platform, Java Platform တွေထက် iOS, Android တွေနဲ့ ပိုပြီး သက်ဆိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်...။

ဘာဖြစ်လို့လဲဆိုတော့ iOS, Android အစရှိတဲ့ High End Mobile Phone တွေဟာ ခုနောက်ပိုင်းမှာ မရေမတွက်နိုင်တဲ့ Third Party Application တွေရဲ့ အရောင်တင်ပေးမှုကြောင့် အရင် ခေတ်က ကျွန်တော်တို့ သုံးခဲ့တဲ့ Java တွေထက် သိသိသာသာကြီး ခေါင်းတစ်လုံးသာ ခဲ့ပြီ ဖြစ်ပါတယ်...။

ကျွန်တော် ဒီနေ့ နဲနဲ ဆွေးနွေးချင်တဲ့ ခေါင်းစဉ်လေးကတော့ Mobile Photography ပဲ ဖြစ်ပါတယ်...။

ဓာတ်ပုံပညာဆိုတာ ဈေးကြီးကြီး Semi Pro, Pro Camera တွေကို ကိုင်နိုင်တဲ့သူတွေနဲ့မှ သက်ဆိုင်တဲ့ ပညာရပ်တစ်ခုမဟုတ်ပါဘူး...။ ဘယ် Image ကိုမဆို မှတ်တမ်းတင် ပြန်လည် ပုံဖော်ပေးနိုင်မယ့် Camera မျိုးကိုမဆို ပိုင်ဆိုင်ထားတဲ့ သူတိုင်း ရရှိနိုင်တဲ့ အခွင့်အရေး တစ်ရပ်ပဲ ဖြစ်ပါတယ်...။

DSLR မဝယ်နိုင်လို့ ဓာတ်ပုံကို ဝါသနာပါပေမယ့် မလိုက်စားနိုင်ဘူး..။ မရိုက်နိုင်ဘူး...။ ဆိုတဲ့အတွေးတွေကို ဒီ Post လေးနဲ့ ကျွန်တော် တတ်နိုင်သလောက် ဖယ်ဖျောက်ပေးဖို့ ရည်ရွယ်ပါတယ်...။

တစ်ကယ်လို့သင့်မှာ iOS, Android ကို အသုံးပြုထားတဲ့ Mobile Phone တစ်လုံးရှိတယ်ဆိုရင် မိတ်ဆွေလည်း အနုပညာဆန်တဲ့ ဓာတ်ပုံလေးတွေကို ဖန်တီးနိုင်တယ်ဆိုတာ လုံးဝသံသယ ရှိစရာမလိုပါဘူး...။

ဒါဆိုရင် DSLR ဘာလုပ်ဖို့ ဝယ်နေသေးလဲလို့ မေးစရာရှိပါတယ်...။ နေရာတိုင်းမှာတော့ အကောင်းအဆိုးက ဒွန်တွဲနေတာပါပဲ...။ အားနည်းချက်၊ အားသာချက် ကိုယ်စီနဲ့ပါ....။ Mobile Phone တွေ မလုပ်ပေးနိုင်တာကို DSLR တွေ လုပ်ပေးနိုင်သလို...။ DSLR တွေ မလုပ်ပေးနိုင်တာကိုလည်း Mobile Phone တွေက အများကြီး လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို မမေ့စေချင်ပါ...။

အခုနောက်ပိုင်းဆို နိုင်ငံတကာမှာလည်း Mobile Phone တွေနဲ့ ရိုက်ရင်း လူသိများလာတဲ့ အနုပညာရှင်၊ ဓာတ်ပုံသမား နာမည်ကြီးတွေ တစ်နေ့ တစ်ခြား တိုးပွားလာတယ်ဆိုတာကို မိတ်ဆွေတို့ သတိပြုမိမယ်ထင်ပါတယ်...။

ကျွန်တော်အခုအောက်မှာ ဆက်ရေးမယ့် ဆောင်းပါးလေးဟာ ပုံပေါ်ပြီးတာပဲ ဆိုတဲ့သူတွေအတွက် လုံးဝ မရည်ရွယ်ပါဘူး...။

ကျွန်တော်အဓိက ရည်ရွယ်တဲ့သူတွေကတော့ Mobile Phone လေးတွေကို အသုံးပြုပြီး ဓာတ်ပုံကောင်းကောင်းလေးတွေ၊ အနုပညာဆန်ဆန် ဓာတ်ပုံလေးတွေကို ဖန်တီးချင်တဲ့သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်...။

ဒီလောက်ဆိုရင် Intro အတွက်တော့ လုံလောက်ပါပြီ...။ (ဒါတောင် တော်တော်ရှည်သွားပါတယ်...။)

1. How To Take A Photo

Mobile နဲ့ပဲ ရိုက်ရိုက် DSLR နဲ့ပဲ ရိုက်ရိုက် အရေးအကြီးဆုံးကတော့ ဓာတ်ပုံရဲ့ အခြေခံ စည်းမျဉ်းတွေ၊ ဥပဒေတွေနဲ့ အယူအဆ လေးတွေကို သိထားဖို့လိုပါတယ်..။ Lighting, Subject/Story နဲ့ Composition ဆိုတာတွေဟာ ဓာတ်ပုံရဲ့ အသက်ဆိုတာကို မမေ့စေချင်ပါ...။

ကိုယ်တင်ပြချင်တဲ့ Subject/Story ကို ပေါ်လွင်အောင် Composition သေသေချာချာချဖို့လိုပါတယ်....။ ကိုယ်လိုချင်တဲ့ Lighting အနေအထားရအောင် စိတ်ရှည်လက်ရှည် ဖန်တီးသင့်ပါတယ်...။

Subject ကို နေရာပြောင်းလို့ရရင်ပြောင်းပါ...။ နေရာပြောင်းလို့ရတဲ့ Subject မဟုတ်ရင်...။ ကိုယ့်ရဲ့ ရိုက်မယ့် Angle နဲ့ Position ကို နေရာပြောင်းပါ...။

ပြီးရင် Rule Of Third, Golden Ratio အစရှိတဲ့ ကိုယ်အားသန်တဲ့ Composition တစ်ခုခုနဲ့ Composition ချပါ...။

ဒါဆိုရင် ပထမအဆင့်အနေနဲ့ လက်ခံလို့ရတဲ့ ပုံတစ်ပုံ ရလာပါလိမ့်မယ်...။

2. Understanding Depth Of Field In Mobile Phone

Mobile Phone တွေမှာ DSLR တွေကို အဓိက လိုက်မမရှိတဲ့ အချက်တစ်ချက်ကတော့ Depth Of Field ပါပဲ...။ ရိုက်လိုက်တဲ့ ပုံတိုင်းဟာ....။ ကိုယ်တင်ပြချင်တဲ့ Subject ရော...။ မလိုချင်တဲ့ Background ရော အားလုံးက ထင်းထင်းလင်းလင်းကြီးပေါ်နေ တတ်တာပါပဲ...။

Foreground ရော Background ရော Depth Of Field ပြတ်ဖို့လိုအပ်တဲ့ ရှုခင်းလိုပုံလေးတွေ ရိုက်တဲ့အခါမှာ DOF က ပြသနာမရှိပေမယ့်...။ ကိုယ်လိုချင်တဲ့ Subject ကို Stand Out ဖြစ်အောင် ရိုက်ချင်တဲ့ Subject နဲ့ Background ကို သိသိသာသာ ခွဲခြားချင်တယ်ဆိုရင်တော့ Mobile ရဲ့ DOF ကို ကစားဖို့လိုလာပါပြီ....။

ဘယ်လိုကစားမလဲ...? Mobile မှာ DSLR တွေလို DOF အတိုးအလျော့လုပ်လို့မရပါဘူး...။ အဲ့ဒီ့အတွက် ကျွန်တော်တို့မှာ အဖြေတစ်ခုပဲ ရှိပါတယ်....။ Trick လို့ပဲဆိုကြပါတော့...။

မှန်ဘီလူးတို့ရဲ့ သဘောတရားအရ ကိုယ်ရိုက်ချင်တဲ့ Subject နဲ့ Background ဟာ လုံလောက်တဲ့နေရာအကွာအဝေး တစ်ခုမှာရှိနေမယ်...။ ကိုယ့်ရဲ့ Mobile Phone Camera ဟာ Subject နဲ့ နီးနိုင်သမျှနီးအောင် ကပ်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ Subject နဲ့ Background ကွဲကွဲပြားပြား ဖြစ်နေတဲ့ ပုံမျိုးကို ရိုက်နိုင်ပါလိမ့်မယ်...။

DSLR တွေလို လုံးဝ Out Of Focus ဖြစ်သွားအောင် မရိုက်နိုင်ပေမယ့်...။ မျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ ဘယ်အရာကို Focus ဖြတ်ထားတယ်ဆိုတာမျိုးလောက်တော့ သိသိသာသာ ထင်ထင်ရှားရှား မြင်နိုင်မှာ ဖြစ်ပါတယ်...။

3. Post Processing

DSLR နဲ့ပဲ ရိုက်ရိုက် Mobile နဲ့ပဲ ရိုက်ရိုက် နဲနဲလေးတော့ Touch ပြန်လုပ်ဖို့လိုပါတယ်...။

Touch ပြန်လုပ်တာဟာ လိမ်ညာ Cheat လုပ်တာမဟုတ်ပါဘူး...။ မျက်လုံးနဲ့ Sensor ရဲ့ နားလည်ပုံ နားလည်နည်း မတူညီတဲ့ ဘာသာစကားတစ်ခုကို ညှိနှိုင်းပေးခြင်းပဲ ဖြစ်ပါတယ်...။

မျက်လုံးက High Dynamic Range ဖြစ်ပါတယ်...။ Camera တွေရဲ့Sesor က High Dynamic Range (HDR) ကို အတိုင်းအတာ တစ်ခုလောက်အထိပဲ ဖြစ်ပါတယ်...။ လူ့ရဲ့ မျက်လုံးလောက် Camera Sensor တွေက Intelligent မကောင်းပါဘူး...။

ဓာတ်ပုံဆရာကလည်း မျက်လုံးနဲ့ ကြည့်ပြီး ရိုက်ပါတယ်...။ ခံစားတဲ့သူကလည်း မျက်လုံးနဲ့ ကြည့်ပြီးခံစားပါတယ်...။ ဒါပေမယ့် ဓာတ်ပုံဆရာ မျက်လုံးနဲ့ မြင်တာကို Camera က လိုက်မမြင်နိုင်ပဲ သူမြင်နိုင်သလောက်ကိုသာမှတ်တမ်း တင်ပေးထားပါတယ်..။ ဒါကိုကြည့်တဲ့သူ အဆင်ပြေအောင် Camera ထဲက ထွက်လာတဲ့ Result ကို ဓာတ်ပုံရိုက်ထားတဲ့သူက အနဲငယ် ပြန်လည် ပြင်ဆင်ပေးခြင်းပဲ ဖြစ်ပါတယ်...။

ဘယ်အရာမဆိုချွင်းချက်တော့ ရှိနိုင်ပါတယ်...။ တန်ဆေး၊ လွန်ဘေးပါ...။ မပြင်တိုင်းလည်း ဓာတ်ပုံမဟုတ်သလို...။ ပြင်တိုင်းလည်း ဓာတ်ပုံမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်...။ Artistic ကြိုက်တဲ့သူက သူခံစားရသလို ပြင်ပါလိမ့်မယ်...။ Realistic ဖြစ်တဲ့သူက အရှိကို အရှိအတိုင်းထားပါလိမ့်မယ်...။

ဘယ်သူမှ မမှားတဲ့ အဖြေတစ်ခုဖြစ်တဲ့အတွက်..။ အချိန်ကုန်ခံ...။ လူမုန်းခံ...။ အပွခံ...။ အဆဲခံပြီး...။ ငြင်းကြခုန်ကြခြင်း မပြုကြ စေလိုပါ...။

Mobile နဲ့ ရိုက်ထားတဲ့ပုံတွေကို Post Processing လုပ်မယ်ဆိုရင် ကျွန်တော် အမြဲလုပ်လေ့ရှိတာတစ်ခုကတော့ Cropping ပါပဲ...။

ကျွန်တော် မရိုက်ခင်ကတည်းက ဘယ်ပုံကို ဘယ်လိုရိုက်မယ်...။ ပြီးရင် ဘယ်နေရာကို Crop လုပ်မယ်ဆိုတာကို ကျွန်တော် ကြိုစဉ်းစားထားလေ့ရှိပါတယ်ယ...။

Mobile ဖုန်းရဲ့ Aperture ဟာ Fix ဖြစ်ပါတယ်...။ ထို့အတူ Focal Length ကလည်း Fix ဖြစ်ပါတယ်...။ Close Up ရိုက်တဲ့နေရာမှာလည်း Limitation တွေ ရှိနေပါတယ်..။ ဒီ့အတွက် DSLR တစ်လုံးနဲ့ ရိုက်သလိုတော့ စိတ်တိုင်းကြ မဖြစ်နိုင်ပါဘူး..။ မိမိရဲ့ဖြတ်ထိုးဥာဏ်နဲ့ အမြင်ကို ထိထိရောက်ရောက် အသုံးချဖို့လိုမှာ ဖြစ်ပါတယ်...။

Mobile Phone တွေရဲ့ Image Ration အားလုံးနီးပါးဟာ 4:3 တွေ ဖြစ်ပါတယ်....။ တစ်ချို့ 16:9 ဖြစ်ပါတယ်...။ မရိုက်ခင်ကတည်းက Image Ratio ပြောင်းလို့ရတဲ့ Phone တွေရှိသလို...။ ပြောင်းလို့မရတဲ့ဖုန်းတွေလည်း ရှိပါတယ်..။ ကျွန်တော့် ဖုန်းဆိုပြောင်းလို့မရပါဘူး...။ အမြဲ 4:3 နဲ့ပဲ ရိုက်လို့ရပါတယ်...။ ရိုက်ပြီးမှ 3:2 ဖြစ်အောင် ကျွန်တော် Crop ပြန်လုပ်ရပါတယ်...။

ဒီနေရာမှာ ဘယ် Ratio က အမှန်လို့ပြောလို့မရပါဘူး..။ ကိုယ်ချထားတဲ့ Composition...။ အပေါ်မူတည်ပြီး 4:3, 3:2, 16:9, 1:1 ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်...။ အရေးကြီးတာက ကိုယ်ချထားတဲ့ Composition နဲ့ ကိုယ် သတ်မှတ်ပေးထားတဲ့ Image Ration ကိုညီဖို့လိုပါတယ်...။

ကျွန်တော်ကတော့ 3:2 ကို အကြိုက်ဆုံးဖြစ်တဲ့အတွက်...။ ကျွန်တော် Mobile နဲ့ ရိုက်တဲ့ ပုံတိုင်းကို ရိုက်ပြီးတိုင်း 3:2 Ratio Cropping ပြန်ပေးပါတယ်...။

Cropping လုပ်တဲ့အခါမှာ ကိုယ့် Phone Camera ရဲ့ အနေအထားကို သိထားသင့်ပါတယ်...။ ငါ့ Phone ကတော့ဖြင့် ဘယ်လောက်အထိ Crop လုပ်ရင်နိုင်တယ်...။ အဲ့ဒီ့ထက်ကျော်သွားရင် Pixel တွေဖွာထွက်ကုန်တယ်...။ ဒီလောက်အထိဆိုရင်တော့ မဖွာဘူး...။ စသဖြင့် ကိုယ့် Phone မှာ ပါတဲ့ Megapixel နဲ့ Sensor အနေအထားကို သိထားဖို့လိုပါတယ်...။

ဒီနေရာမှ ကျွန်တော် ထပ်ပြောချင်တာကတော့ Megapixel ကောင်းတိုင်းလည်း ပုံထွက်မကောင်းဘူး ဆိုတာပါပဲ...။ ဘယ် Phone က ကောင်းတယ် ဘယ်ဖုန်းက မကောင်းဘူးဆိုတာကို ကျွန်တော် ဒီနေရာမှာ ငြင်းစရာမလိုပါဘူး..။ ကျွန်တော့်ကိုလည်း Phone ကြော်ငြာရေးခိုင်းထားတာ မဟုတ်သလို...။ ဘယ် Phone Company ကမှလည်း Sponsor ပေးထားတာ မဟုတ်ပါဘူး...။

ဒီ့အတွက် ကိုယ်ကြိုက်တဲ့ ဖုန်း၊ ကိုယ်နဲ့ သင့်တော်မယ့်ဖုန်းကို ကိုယ်ဝယ်ပါ...။ Camera ကို ဦးစားပေးမယ့်သူက Camera ကောင်းတဲ့ Phone ကို ဦးစားပေးပါလိမ့်မယ်...။ Music ကို အားသန်တဲ့သူက Sound System ကောင်းတဲ့ Phone ကို ဦးစာပေးပါလိမ့်မယ်...။

Cropping ကိစ္စပြီးသွားရင်တော့ Touch လုပ်တဲ့အပိုင်းပေါ့...။ တစ်ချို့ ဖုန်းတွေမှာတော့ Built In Photo Editor တွေ ပါကြပါတယ်...။ ကျွန်တော် သိသလောက် HTC ရဲ့ Built In Editor ဆိုရင် တော်တော်လေးကောင်းပါတယ်...။

တစ်ချို့ Phone တွေမှာတော့ မပါပါဘူး...။

ပါသည် ဖြစ်စေ...။ မပါသည်ဖြစ်စေ...။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်...။ Third Party Photo Editing Application တွေ အများကြီး ရှိပါတယ်...။

အဲ့ဒီ့အထဲကမှ ကျွန်တော် အကြိုက်ဆုံးကတော့ SnapSeed ပါပဲ...။

နယ်နယ်ရရ Application မဟုတ်ပါဘူး...။ နာမည်ကျော် Nik Inc က ထုတ်တဲ့ Application ဖြစ်ပါတယ်..။ Android, အတွက်ရော iOS အတွက်ရောရှိတဲ့ အတွက်အဆင်ပြေပါတယ်...။ တစ်ခြား ကောင်းတဲ့ Software တွေ အများကြီးရှိပေမယ့် ကျွန်တော်ကတော့ ဒါလေးတစ်ခုထဲနဲ့ အဆင်ပြေတဲ့အတွက် လောလောဆယ် ဒီတစ်ခုကိုပဲ ညွှန်းပါရစေ...။

ကျွန်တော် အပေါ်မှာ ပြောခဲ့တာတွေကို နိဂုံးပြန်ချုပ်ရမယ်ဆိုရင်

(၁) Subject/Story အရင်ရွေးပါ
(၂) Lighting ကိုစဉ်းစားပါ
(၃) Composition ကို ဂရုစိုက်ပါ
(၄) ကိုယ်လိုချင်တဲ့ DOF အပေါ် မူတည်ပြီး Subject အထားအသိုနဲ့ Focal Length ကို စဉ်းစားပါ။
(၅) Cropping ကို အားမနာပါနဲ့
(၆) ကိုယ့် Camera နဲ့ Sensor ရဲ့ နောက်ဆုံးစွမ်းဆောင်နိုင်ရည်ကို သိပါ...။
(၇) Post Processing ကို လိုအပ်လျှင်၊ လိုအပ်သလောက်သာ လုပ်ပါ... လို့ အကြံပြုရင်း...

Mobile Phone လေးတွေနဲ့ အောင်မြင်တဲ့၊ အနုပညာမြောက်တဲ့ ဓာတ်ပုံလေးတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....။

များများရိုက်ပါ...။ ရိုက်ရင်းလေ့လာပါ...။ လေ့လာရင်းရိုက်ကြပါလို့...။


credit to first upload


0 comments

Post a Comment

    Archive